ပွင့်ဖြူ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်များ ၊ သီလရှင် များ ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဧပြီ ၂၅ ရက်နေ့မှစပြီး ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးမှုကို မတ် ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သံဃာတော်များနှင့် သီလရှင်များ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်းဦးရေ ၅၁၇၀ ဦးအား ထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရကာ ကာကွယ်ဆေး ထိုးနှံပေး ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းဝင် များက စနစ်တကျ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ယခု ဒုတိယအကြိမ်တွင်လည်း မြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သံဃာတော်များနှင့် သီလရှင် များ ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စိတ်အားထက်သန်စွာ လာရောက်ထိုးနှံကြရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ ပူးပေါင်းအဖွဲ့က စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကျန်းမာရေး စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးနောက် ပုံမှန်အခြေ အနေရှိသူများကိုသာ ဆေးထိုးနှံ ပေးကြောင်းလည်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)