မိုးမိတ် ဧပြီ ၂၆
နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူအင်အားဆိုင်ရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်သက်နိုင် ကြီးကြပ်၍ မိုးမိတ်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများက မိုးဘုံကျေးရှိ ဒေသခံတိုင်းရင်းသား ကျား(၁၆) ဦးနှင့် မ (၁၄) ဦး စုစုပေါင်း (၃၀) ဦးတို့အား အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသောသူများသည်လည်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံးတွင် လာရောက်ဆောင်ရွက်ပါက နေ့ချင်းပြီး ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)