တောင်ကုတ် ဧပြီ ၂၆
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးသော ဦးဥတ္တမ ကလေးကစားကွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၆ ရက်နံနက် ၁၀ နာရီအချိန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးမောင်စိန်၊ မြို့နယ်စည်ပင်ကော်မတီဝင် ဦးဖိုးကျော့တို့မှ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလအတွင်း ကလေးကစားကွင်းမှ ရရှိသော ဝင်ငွေများနှင့် ကလေးကစားကွင်းအတွက် လစဉ်သုံးစွဲ ငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ကလေးကစားကွင်း ရေရှည်တည်တံ့နိုင်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးဥတ္တမ ကလေးကစားကွင်း ရည်ရှည် တည်တံ့နိုင်ရေးအတွက် ပေါင်းစပ် ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)