မောင်တော ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စဉ်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ဒေသအတွင်းဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေး လုပ် ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲများရှိပါက တင်ပြကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလ အ တွင်း ပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာကြသော သက်ဆိုင်ရာ ဌာနများ အလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ တင်ပြခဲ့ကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး