ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်၊ ရတနာသိင်္ခလမ်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းတံတား ပြုလုပ်ဆောင်ရွက်

ဘုရားသုံးဆူ    ဧပြီ    ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ် ၃ ရပ်ကွက်၊ ရတနာသိင်္ခလမ်းတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက်  အရှည် (၃၆)ပေ၊ အကျယ်(၃)ပေ၊ အနက်(၃)ပေရှိ တံတားရေမြောင်းအား ၁.၁.၂၀၂၁ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေမြောင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်နယ်ရံပုံငွေဖြင့်  ဘုရားသုံးဆူ မြို့စည်ပင် သာယာရေးအဖွဲ့မှ အင်ဂျင်နီယာ ဒေါ်ဆုမြတ်ဇာခြည်မောင်မှ ကြီးကြပ်၍ တင်ဒါရကုမ္ပဏီဖြစ်သော မင်းအောင်ကျော်ကုမ္ပဏီမှ ခွင့်ပြုငွေကျပ် ၅.၄သန်းဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၆.၄.၂၀၂၁ ရက် နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဘုရားသုံးဆူ (ပြန်/ဆက်)