ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ   ဇွန်  ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဌာနဆိုင်ရာ များအနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အထူးကရုပြုဆောင်ရွက်ရေး၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်  ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြို့၊ ရုံးဌာနများနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းရေမြောင်းများတွင် ရေစီးရေလာ ကောင်းမွန်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အထူးဂရုပြု လိုက်နာဆောင်ရွက်ကြစေရေး  ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အထူးဂရုပြုဆောင်ရွက်ရေး၊ စာသင်ကျောင်းများတွင် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပြီး  ဌာနဆိုင်ရာများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

ရွှေဒေးသူ