ပဲခူးမြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ သင်တန်းဆင်းပွဲကျင်းပ

ပဲခူး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် နွေရာသီအားကစား အခြေခံသင်တန်းများ၊ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နွေရာသီအားကစားအခြေခံ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှမျိုးရွှေမှ သင်တန်းဆင်းရာတွင် အခြေခံနွေရာသီအားကစားများ ဖြစ်သော ကျောင်းသား/ ကျောင်းသူများ၊ ဝါသနာရှင်များအား နိုင်ငံတော်မှ ချမှတ်ထားသော လူမှုရေး ဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစားကို မဖြစ်မနေလိုအပ်ပါ ကြောင်း၊ လူထုလှုပ်ရှားမှုအသွင်ဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်သော လူငယ်လူရွယ်များ ထူးချွန်ထက်မြက်သော အားကစားလူရည်ချွန်များ ပေါ်ပေါက်လာစေရန် ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍ အောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်း ထင်ဟပ်စေပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဖော်ပြသည့်ခံယူချက်ဖြင့် အားကစားလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများကို ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့အထိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အားလုံးတွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ (၃၇၂၁)ဦး တက်ရောက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများကို ဂုဏ်ပြုငွေပေးအပ်ခြင်းနှင့် သင်တန်းသား/သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပြီး အားကစားနည်းအလိုက် သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ အဆိုပါ နွေရာသီ အခြေခံအားကစား သင်တန်းများဆင်းပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မျိုးငြိမ်း