အုတ်ဖိုမြို့နယ်တွင်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေး မွေးမြူရေး ပညာပေးသင်တန်းမှ သင်တန်းသား(၄၀)ဦးအား သင်ကြားပေးနိုင်ခဲ့

အုတ်ဖို ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ်ကျေးရွာ၊ စိုက်ပျိုးရေး ပညာပေးစခန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေး မွေးမြူရေး ပညာပေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက သင်တန်းသား(၄၀)ဦးအား အောင်မြင် စွာ သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်ချိုချိုဝင်း၊ မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအယ်လိစဘတ် ဝင်းရှိန်နှင့် မြို့နယ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာတို့မှ တာဝန်ယူ သင်ကြားပေးခဲ့ တာဖြစ်ပြီး သင်တန်းကာလ(၄)ရက်ကြာသင်ကြားပေးခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးက ကျေးလက်နေ ပြည်သူများသိပ္ပံနည်းကျ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလုပ်ကိုင် ဆောင်ရွက်တက်စေရန် ယခုသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မိမိအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသားများအား အေးမြသာယာမွေးမြူရေးခြံများသို့ လက်တွေ့ ကွင်းဆင်းပြသပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းမှ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)