ငပုတောမြို့မရဲစခန်း၌ ချုပ်သားတစ်ဦးတွင်ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

ငပုတော     ဇွန်       ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့မရဲစခန်းတွင် အချုပ်သား အမျိုးသား၃၁ဦးရှိသည့် အနက်မှ အမျိုးသား၁၂ဦးအား ဒုရဲအုပ်မျိုးသူရကျော် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်၅ဦးဖြင့် ယမန်နေ့နံနက ်၈နာရီခွဲအချိန်က ပုသိမ်အကျဉ်းထောင် သို့   ပို့ဆောင်ပြီးကိုဗစ်-၁၉‌ ရောဂါပိုးစစ်ဆေးမှုများ ကိုပြုလုပ်ခဲ့သည်။

စစ်ဆေးခဲ့သည့် အချုပ်သား ၁၂ ဦးအနက် ငပုတောမြို့နယ်၊ တောင်ကလေးကျေးရွာမှ အချုပ်သား တစ်ဦးတွင်  ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိရကြောင်း  သိရှိရသဖြင့်   ငပုတောမြို့နယ်ပြည်သူ့ဆေးရုံသို့  ပြန်လည်ခ ေါ်ဆောင်ခဲ့ပြီး ထပ်မံစစ်‌ဆေးမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ   အချုပ်သားတစ်ဦးတည်းတွင် ကိုဗစ်ရောဂါပိုး  တွေ့ရှိခဲ့သည်။ အဆိုပါအချုပ်သားအား မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ကုသဆောင်တွင်ထားရှိပြီး ၎င်းနှင့်ထိစပ်သူများအားသီးသန့်ဆောင်တွင်ခွဲခြားထားရှိခဲ့သည်။

ကျန်ရှိသည့် အချုပ်သား၁၉ဦး ကိုလည်း ကိုဗစ်၁၉ရောဂါပိုးရှိ၊မရှိ ဆက်လက် စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)