ပဲခူးမြို့၌ ၂၁နှစ်အောက် အမျိုးသားအောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ဘောလုံး အသင်းအား တွေ့ဆုံပွဲကျင်းပ

 

ပဲခူး ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့တွင် တိုင်းကိုယ်စားပြု ၂၁ နှစ်အောက် အမျိုးသား ဘောလုံးအသင်းအား ယနေ့ (:၃၀)အချိန်တွင် ပဲခူးမြို့ မိုးလုံလေလုံအားကစားခန်းမ၌ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ၂၁ နှစ်အောက် တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘောလုံးအသင်းအား တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ အရှေ့တန်း အားကစား သမားများ၏ တစ်ဦးချင်းစီအမည်များကို ကြေငြာပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်() ဗိုလ်မှူးကြီးလှမျိုးရွှေမှ တိုင်းကိုယ်စားပြု ဘောလုံးအသင်းအား စိတ်ဓာတ်ပိုင်းဆိုင်ရာ စည်းလုံးညီညွတ်မှသာ အောင်မြင်မှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းကိုယ်စားပြု ၂၁ နှစ်အောက် ပဲခူးဘောလုံးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံး အသင်းတို့သည် ၁၈..၂၀၂၁ ရက်နေ့တွင် နေပြည်တော်၌ ခြေစမ်းပွဲကစား မည်ဖြစ်ပြီး ၂၄..၂၀၂၁ ရက် နေ့တွင် ဖွင့်ပွဲကျင်းပကာ ပြိုင်ပွဲယှဉ်ပြိုင်ကစားကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်အသင်းလိုက် ယှဉ်ပြိုင် ကစားကြ မည်ဖြစ်ကြောင်း သိရသည်။

   မျိုးငြိမ်း(ခရိုင်ပြန်/ဆက်)