ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ   ဇွန်  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိ မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာနွေကံ့ကော် (မြို့လှ) ရေးသားသည့် စာမဖတ်သူပပျောက်ရေးနှင့် အခြားစာစုများ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူ များအသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)က "စာမဖတ်သူပပျောက် ရေး" ခေါင်းစဉ်အားလည်းကောင်း၊ စာရေးဆရာရဲမွန်ကျော်မှ "အိုးထဲကမနပ်ခဲ့သော ထမင်းများ"ခေါင်းစဉ်အား လည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုမှ "ဒီမိုကရေစီနှင့် မင်္ဂလသုတ်" ခေါင်းစဉ်အား လည်းကောင်း၊ ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာဖတ်ပရိတ်သတ်များကလည်း ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)