လယ်ဝေး ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဒေသခံတောင်သူများ ကုန်စည်စီးဆင်းမှု လျှင်မြန် ချောမွေ့ စေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နေမှုအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစိးဌာန၊ တိုင်းဦးစီးမှူး၊ ဒက္ခိဏခရိုင် ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံအင်ဂျင်နီယာများက ခေတ်စွမ်းရည်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိ သည့် သပြေတန်းရွာအရှည် ၁.၈၂မိုင်၊ အကျယ် ၁၆ပေရှိ Pipe Culvert ၁စင်းပါ မြေသား၊ ရိစာလမ်း အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဇွဲမာန်ထက်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ကန်လှရွာအရှည်၂.၂၇၃မိုင်၊ အကျယ် ၁၄ပေ ရှိပြီး Box Culvert ၁စင်း Pipe Culvert ၁စင်းပါဝင်သည့် မြေသား၊ ရိစာလမ်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းအား ကွင်းဆင်းစစ်ဆေးကာ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ သပြေတန်းရွာ ကျေးလက်ကုန်ထုတ်လမ်းသည် ကျေးလက်ဦးစီးဌာနမွမ်းမံရန်ပုံငွေဖြင့် ဆောင်ရွက် ခြင်းဖြစ်ပြီး ကန်လှရွာ ကျေးလက်ကုန်ထုတ်လမ်းမှာမူလရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)