ကျိုင်းတုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကာကွယ်ဆေးစတင်ထိုးနှံပေး

ကျိုင်းတုံ ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိနေသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ထိုးနှံပေးလျက်ရှိရာ  ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။