ချောက်မြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ချောက် ဇွန် ၁၇ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချောက်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတို့ပူးပေါင်း၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဆွေးနွေးပွဲ (Talk show)ကို ယနေ့ နံနက် ၁၁ နာရီခန့်က ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုချိုမာက(Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်လျှပ်စစ် အင်ဂျင် နီယာ ဦးထက်အောင်နိုင်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်ကိုင်တွယ် အသုံးပြု ရာတွင်သတိပြုလိုက်နာရမည့်အချက်များဖြစ်သော မိုးရာသီတွင် လေထန်မိုးရွာလျှင် ဖြစ်တတ်သောလျှပ်စစ်မီးကြိုး၊ တိုင်များပြတ်ကျခြင်း၊ ပြိုလဲခြင်း၊ အသံမြည်ခြင်းများ ဖြစ်ပေါ်ပါက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ အမြန်ဆက်သွယ်ရမည့် ဖုန်းနံပတ်များ၊ လျှပ်စစ်မီးသုံးစွဲတို့ အသက်ဘေးအန္တရာယ်မဖြစ်ပေါ်စေရေး လိုက်နာရမည့်အချက်နှင့် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူ များ မိမိအိမ်တွင်အမြဲသုံးစွဲလျက်ရှိသောမီးကြိုးများကြံ့ခိုင်ရေး နှင့်အန္တရာယ်ကင်းစွာ သုံးစွဲရ မည့်နည်းလမ်းများ အကြံဉာဏ်ပေးခြင်း၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကလေးငယ်များနှင့် လက်လှမ်းမှီသောနေရာတွင် မထားရန်၊ လက်ရှိအသုံးပြုနေသော လျှပ်စစ်ပစ္စည်းများဟောင်း နွမ်း၍ အသစ်လဲလှယ်လိုလျှင်လည်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ကျွမ်းကျင် လုပ်သားများ အချိန်မရွေးဆက်သွယ်ခေါ်ယူ ဆက်သွယ်အကြောင်းကြားပါက ဆောင်ရွက်ပြုလုပ်ပေးမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။ ကျော်မိုး