စဉ့်ကိုင်မြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

စဉ့်ကိုင် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို စပါးနှင့်အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျှက်ရှိရာ ယနေ့နံနက်(၁၁)နာရီက မုန်ပေါင်းကျေးရွာ အုပ်စုကို ထုတ်ချေးပေးလျှက်ရှိကြောင်းသိရသည်၊၊

ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးကြည်စိုးနှင့် ဝန်ထမ်းများက တောင်သူများအား နိုင်ငံတော်မှအတိုးနှုန်းသက်သာစွာဖြင့် စီးပွားရေးအဆင်ပြေစေရေး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျှက်ရှိရာ နွေစပါးနှင ့်မိုးစပါး တို့အတွက် ၁ ဧကလျှင်ငွေကျပ်(၁၅၀၀၀ဝိ/ )နှုန်းဖြင့်လည်းကောင်း အခြားသီးန ှံများဖြစ်သည့် ပဲအမျိုးမျိုး ၊ နှမ်း ၊ ငရုတ်၊ ကြက်သွန် စသည့် သီးနှံများအတွက် ၁ဧကလျှင် ငွေကျပ်(၁၀၀၀၀ဝိ/)နှုန်းဖြင့် ထုတ်ချေးပေးလျှက်ရှိသည်၊၊ စဉ့်ကိုင်မြို့နယ် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင် ကျေးရွာအုပ်စု(၄)အုပ်စုမှ တောင်သူ(၉၃)ဦးတို့ကို ငွေကျပ်(၅၁၀၀၀၀၀ဝိ/)အား ထုတ်ချေးပေးပြီးဖြစ်ရာ ကျန်ရှိနေသည့် ကျေးရွာအုပ်စုမှတောင်သူများကိုလည်း အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း မန်နေဂျာ ဦးကြည်စိုးထံကသိရသည်။

အောင်ပိုင်ပိုင်ကျော်