စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၁) ရပ်ကွက်၊ ငွေပဒေသာလမ် းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး 

စေတုတ္တရာ    ဇွန်     ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်(၁၆၆)သိန်း(၄)သောင်းဖြင့် ဆောင်ရွက်လျက်ရှိသော  အမှတ်(၁)ရပ်ကွက်၊ ငွေပဒေသာလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမှတ်(၁)ရပ်ကွက်၊ ငွေပဒေသာလမ်းအား အရှည်(၆၄၀) ပေ၊ အကျယ်(၁၄)ပေ၊ အမြင့် (၈)လက်မရှိသော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်(၁၆၆)သိန်း(၄)သောင်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မေလ ပထမပတ်မှစတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများ လမ်းသွားလမ်းလာ ကောင်းမွန်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်ပေးခြင်း၊ မိုးတွင်းကာလတွင် လမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန် စေရေးအတွက် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးသက်နိုင်ထံမှ သိရသည်။

 

ခင်သန်းလှိုင်