သိန္နီ အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးဌာနပိုင် မြို့မစျေးကြီးအတွင်း စျေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးပေးခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာ ရေး ဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ စျေးရောင်းချသူ(၁၁၇)ဦးအားစစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ (၄)ဦး စစ်ဆေး တွေ့ရှိခဲ့သည်။ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု လျော့နည်းစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)