နမ့်စန်မြို့စည်ပင်သာယာစျေးတွင် စျေးလာရောက်ဝယ်ယူသူများကို ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရခြင်း ရှိ/မရှိ အခမဲ့စစ်ဆေးပေး

နမ့်စန်() အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံး လျှော့ချ ထိန်းချုပ်နိုင်ရန် အတွက်  မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် မြို့မ စည်ပင်သာယာဈေးသို့ ကွင်းဆင်း၍ စျေးလာရောက် ဝယ်ယူသုံးစွဲ သူများကို ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရခြင်း ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ အဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက မြို့မစည်ပင်သာယာစျေးသို့ စျေးဝယ်လာသူ ၂၆ ဦးကို ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ/မရှိ  RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ပြီး ဆီဆိုင်မြို့နေ အသက် ၂၅ နှစ်အရွယ် အမျိုးသား ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်မှတာဝန်ရှိသူများက အဆိုပါ ပိုးတွေ့လူနာအမျိုးသားအား ဆီဆိုင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)