သထုံမြို့နယ်တွင် ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်း ဖွင့်ပွဲကျင်းပ

သထုံ    အောက်တိုဘာ    ၂၇

 

မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ငါးဆေးထိုးသား ဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေး သင်တန်း(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဦးတင်နိုင်ဝင်းက ကိုဗစ်ကာလအတွင်း ယုတ်လျော့သွားသည့် ငါးမွေးတောင်သူများ၏ စီးပွားရေးအခြေအနေများကို တစ်ဖက်တစ်လမ်းမှ ပြန်လည် ကုစားနိုင်ရန် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အတွင်းရှိသည့် ငါးမွေးတောင်သူများ နှင့် စိတ်ဝင်စားသူများကို ငါး‌မွေးမြူခြင်းလုပ်ငန်းနှင့်ပတ်သတ်၍  စာတွေ့လက်တွေ့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သင်ကြားပေးနေပြီး သိရှိခဲ့သည့်နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းဖြင့် အကျိုးပြု ဆောင်ရွက်စေလိုကြောင်း မိမိတို့ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား ပံ့ပိုးကူညီသွား မည်ဖြစ်ပြီး ငါးမွေးတောင်သူများအနေဖြင့် ကောင်းမွန်သည့် ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နဲ့အညီ ဂရုပြု ဆောင်ရွက်စေလိုပါကြောင်း အမှာစကား ပြောကြားသည်။

 

အဆိုပါသင်တန်းတွင် ငါးမျိုးရွေးချယ် ထိန်းသိမ်းပြီး မျိုးဗီဇမြှင့်တင်ခြင်း ရေချိုငါးမျိုးနှင့် အလှမွေးငါးများ လက်တွေ့ဆေးထိုးသားဖောက်တာခြင်း၊ ငါးအစာအဟာရနှင့်အစာကျွေးနည်းစနစ်၊ ရေအရည်အသွေးတိုင်းတာ စစ်ဆေးခြင်းစသည်တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့လက်တွေ့ သုံးရက်ကြာ အခမဲ့စားရိတ်ငြိမ်း ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ပြီး ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးမွေးမြူရေး စိတ်ပါဝင်စားသူများ စုစုပေါင်း သင်တန်းသား/သူ ၂၅ ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ကိုကိုဦး