ကျိုက်ဒုံ အောက်တိုဘာ ၂၇
ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယနေ့ နံနက် ၈ နာရီက (ပြန်/ဆက်) ဦးစီးမှူးဦးကျော်လင်းနိုင်မှ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက် ပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးမှုများဆောင်ရွက်ရာမှာ ပြည်သူ များ အနေဖြင့် မိမိနေအိမ်များတွင်သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွါပါက နှာခေါင်း စည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ဧည့်သည်များအား လက်မခံပါရန်၊နှာ ခေါင်းစည်း မတပ် သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွား လာခြင်းများကို ရှောင်ကြဉ်ရန်စသည့် အသိပညာပေးနှိုးဆော်ချက်များအား လိုက်လံနိုးဆော် ပေးခဲ့ ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)