မိုးမိတ် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ချစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်၊ ကုန်စုံဆိုင် ၊ အီလက်ထရွှန်နစ်ပစ္စည်းဆိုင်များရှိ ဆိုင်ရှင်များနှင့်အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးထားခြင်းရှိ၊ မရှိစစ်ဆေးခြင်းကို အောက်တိုဘာ ၂၇ ရက် နံနက် ၈ နာရီမှ စတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော် နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်တို့က လိုက်လံစစ်ဆေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံခြင်း အားဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ချစေရေးအတွက် ဝိုင်ဝန်းပူးပေါင်း ပါဝင်ကူညီကြရန်နှင့် ကာကွယ်ဆေးမထိုးရသေးပါက ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံသူများ အတွက် အခြေခံပညာ အမှတ်(၂)ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း ချက်ချင်းသွားရောက်ထိုးနှံကြရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ က တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)