ကျောက်တလုံးကြီးမြို (အ.ထ.က)၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယနေ့အဖြစ် ကိုဗစ် - ၁၉ ရောဂါကာ ကွယ်ဆေးဆက်လက်ထိုးနှံပေး

ကျောက်တလုံးကြီး အောက်တိုဘာ  ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ မသန်မစွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင် သည့် ရောဂါရှိသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးက ယနေ့နံနက် ၉ နာရီခန့်အချိန်က ကျောက်တလုံးကြီးမြို့(အ.ထ.က)၌ ဒုတိယ‌နေ့အဖြစ်ဆက်လက် ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောက်တလုံးကြီးမြို့ပေါ် (၆) ရပ်ကွက်နှင့် နောင်ခဲကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စုတို့မှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ မသန်မစွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်သည့် ရောဂါရှိသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး   ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်နှင့်ဝန်ထမ်းများ၊ ကျောက်တလုံးကြီး (အ.ထ.က) ပညာရေးဝန်ထမ်းများ၊ ကျောက်တလုံးကြီးမြို့ မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ယမန်နေ့က ကျောက်တလုံးကြီး မြို့ပေါ်(၆) ရပ်ကွက်နှင့် နောင်ခဲကျေးရွာအုပ်စု၊ ပင်တွန်ကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စုတို့မှ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများ၊ သံဃာတော်များ၊ မသန်မစွမ်းသူများအား စုစုပေါင်း (၄၅၅) ဦးကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲပြီး ကြောင်း သိရသည်။

(မြဝင်း)