ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကာကွယ် တားဆီးနိုင်ရန်အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ဆီဆိုင် အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီး နိုင်ရန်အတွက် မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ ယနေ့ နံနက် ၈ နာရီအချိန်က နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းက တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းသွား၊ လမ်းလာပြည်သူများ၊ လူသွားလူလာများသော လမ်းဆုံနေရာများနှင့် နောင်ကျော ကျေးရွာအုပ်စု၊ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်းရှေ့ နေရာများတွင် နှာခေါင်းစည်း (၂၀၀) ခု အခမဲ့ဖြန့်ဝေ ပေးခဲ့ကြပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို အပတ်စဉ်အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။       

မျိုးမြတ်(ဆီဆိုင်)