မုဒုံ အောက်တိုဘာ ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို ယမန်နေ့က ထိုးနှံပြီးစီးကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက သိရသည်။
မုဒုံမြို့နယ်တွင် ဆေးထိုးစုရပ် ၁၀ နေရာတို့တွင် အခြေခံပညာ ကျောင်းပေါင်း ၃၈ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်စာသင်ကျောင်း ၃ ကျောင်း စုစုပေါင်း ၄၃ ကျောင်းမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ ၈၄၆၅ ဦးကို စုရပ်အသီးသီး၌ အောက်တိုဘာ ၁၇ရက်နေ့မှ ၂၄ရက် နေ့အထိ ၈ ရက်ကြာ ၅၄၀၂ ဦးအား သတ်မှတ်နေ့ရက်များအလိုက် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပြီးစီးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)