မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုး(၁၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိစုစုပေါင်းပိုးတွေ့လူနာ(၁၂၉)ဦးထိရှိလာ

မိုင်းယန်း အောက်တိုဘာ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ် ကုသရေးဦးစီးဌာနမှ သိရသည်။

မိုင်းယန်းမြို့နယ် ဝိန်းလိတ်ရပ်ကွက်မှ အမျိုးသား(၂၀)၊ အမျိုးသမီး(၂၅)ဦး၊ စုစုပေါင်း (၄၅)ဦးတို့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါရှိမရှိ လာရောက်စစ်ဆေးရာမှ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး (၆)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပိုးတွေ့လူနာများကို ကျန်းမာရေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့နေအိမ်ရှိ အတူနေမိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သူများကို အသွားအလာကန့်သတ် ထားရှိပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိသူ(၁၂၉)ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၁၀၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး