ပိုင်ကျုံ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် နိုင်ရန်နှင်ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့မှ ယမန်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ(၃၃၄၅)ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုး ကြောင့် ကာကွယ်ဆေးထိုးနှံရကျန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့ ဝင်များကို ဦးစားပေးအစီအစဉ်ဖြင့်ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမ) အကြိမ်တွင် လူဦးရေ (၃၉၂၇)ဦးထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအသုတ်(ဒုတိယ)အကြိမ်တွင် လူဦးရေ စုစုပေါင်း (၃၃၄၅) ဦး ထိုးပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုးဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသူ များအား ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း ၊သွေးတွင်းအောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံနိုင်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရ သည်။
ပိုင်ကျုံ (ပြန်/ဆက်)