မလှိုင် အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် နံ့သာပန်းခင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီ အချိန်က မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဆွေဆွေမြင့်က ပြောကြားရာတွင် နံ့သာပန်းခင်း စာဖတ် ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်၍ ယာယီရပ်နားထားခဲ့ရပါ ကြောင်း၊ ရောဂါဖြစ်ပွားမှု အထိုက်အလျောက် လျော့ကျလာပြီဖြစ်၍ ပြန်လည်ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍လည်း စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ယခင်အတိုင်း စဉ်ဆက်မပြတ် ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်၍ ယခုတက်ရောက်လာကြသည့် စာရေးဆရာကြီးများနှင့် စာပေဝါ သနာရှင် စာဖတ်ပရိတ်သတ်များအနေဖြင့် တက်ရောက်ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပြောကြားခဲ့သည်။ ထို့နောက်စာရေးဆရာ ဦးမြတ်စိုး (မြတ်စိုး-မလှိုင်) က " ဘဝနေနည်း " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာဆရာ ဦးမင်းနိုင် (ရွှေလှိုင်မင်း-မလှိုင် )က " မူရင်း ကောင်းဖို့ " ခေါင်းစဉ်ဖြင့် ကဗျာတစ်ပုဒ်ကို ဖတ်ကြားဆွေးနွေးပြီး စာပေဝါသနာရှင် Book Club အဖွဲ့ဝင် ဦးသိန်းကြွယ် (မြိုင်သစ္စာသိန်း) က " ပျံလွင့်လာသောမိုးတိမ်များ'' ကိုယ်တိုင်ရေးဆောင်းပါးပါ အကြောင်းရာများကို ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းမှ စာရေးဆရာ၊ ကဗျာဆရာများ၊ Book Club အဖွဲ့ဝင် များနှင့် စာပေဝါသနာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)