လဲချား အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၈) နာရီ အချိန်က မြို့မစျေး၊ ပျံကျစျေး တို့တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ “ပန်းခင်း” စီမံချက် လက်ကမ်းစာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်း၊ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးမည့် လုပ်ငန်း (၄)ရပ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ အိမ်ထောင်စု လူဦးရေစာရင်း စစ်ဆေးအတည်ပြု ထုတ်ပေးခြင်း၊ နိုင်ငံသားကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းအတွက် လိုက်နာရမည့် အချက်များ စသည့်အကြောင်းအရာများ ပါဝင်သည်။
ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ မြို့နယ် ဒု-လဝကမှူး ဦးဌေးလွင်နှင့် ဝန်ထမ်းများ၊ ပန်းခင်းပရဟိတ အဖွဲ့တို့ ပူးပေါင်း၍ မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်များနှင့် လူစည်ကားသော နေရာများတွင် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)