မချမ်းဘော့မြို့၌ ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဆီမီးများထွန်းညှိပူဇော်ခြင်းနှင့် ၀တ္တု‌ငွေများ လှူဒါန်း

မချမ်းဘော့   အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကောင်းမှုလုံစေတီတော်မြတ်ကြီး ဆီမီးများထွန်းညှိ ပူဇော်ခြင်းနှင့် ၀တ္တုငွေများလှူဒါန်းခြင်းကို ယမန်နေ့ည ၆ နာရီ၌ဆောင်ရွက်ခဲ့သည်။

အဆိုပါဆီမီးများ ထွန်းညှိပူဇော်ခြင်းကို ၂၁ ၁၀ ၂၀၂၁ ရက်နေ့ည ( သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ) နေ့တွင် မချမ်းဘော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတို့မှ မချမ်းဘော့မြို့နယ် ကောင်းမှုလုံကျေးရွာရှိ ကောင်းမှုလုံ စေတီတော်မြတ်ကြီး၌ ဆီမီးများထွန်းညှိပူဇော်ခြင်း ဆီမီးများထွန်းညှိပူဇော်ရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ပေါင်မုန့်များ ပေးဝေလှူဒါန်းကြောင်း သိရသည်။

ထို့နောက် ဆီမီးများ ထွန်းညှိပူဇော်ရန် လာရောက်သည့် မချမ်းဘော့မြို့နယ် ခန်ကျိုကျေးရွာ ဆရာတော်ဘုရားထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီးတို့မှ ပေါင်မုန့်နှင့် ဝတ္ထုငွေများ လှူဒါန်းကြောင်းသိရသည်။