ပုဗ္ဗသီရိ အောက်တိုဘာ ၂၂
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်း၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့မှ မသန်စွမ်းသူများအတွက် ပြဋ္ဌာန်းထားသည့် အခွင့်အရေး ဥပဒေများအကြောင်း၊ ပညာရေး နှင့် ပတ်သက်ပြီး ဥပဒေပါအခွင့်အရေးများအကြောင်း၊ ပညာတတ်မြောက်မှုနှုန်း အလုပ်အကိုင်ရရှိမှုနှင့် မသန်စွမ်းမှုကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက်ပြုခြင်း တွေရှိခဲ့လျှင် ဥပဒေက ဘယ်လို အကာအကွယ်ပေးထားကြောင်းများ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ (ပြန်/ဆက်)