ကျိုက်ထို အောက်တိုဘာ ၂၂
ကျိုက်ထို မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ ကြီး ကြပ်၍ မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်း မာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပါင်းကာ ကိုဗစ်-၁၉ ကာ ကွယ်ဆေးအား ဒုတိယအသုတ် (ဒုတိယအကြိမ်) ထိုးနှံမှုကိုစုရပ်များ ဖြစ်သော မြို့နယ်ခန်းမ၊ သိမ်ဇရပ်မြို့၊ ကျူချောင်ကျေးရွာ၊ ဘိုရားကြီးကျေးရွာ၊ ကျိုက္ကသာကျေးရွာ၊ စစ်တောင်း ကျေးရွာ၊ ကင်မွန်းချောင်းကျေးရွာတို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်နံနက် ၉ နာရီမှ စတင်ပြီး ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံသည့်စုရပ် နေရာများ၌ ကျန်းမာရေး ဝန်ထမ်းများ စေတနာ့/ပရဟိတ ဝန်ထမ်းများ၊ ဘုန်းတော်ကြီး/ သီလရှင်ကျောင်းနှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန် ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများ၊ ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းနှင့် အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများမှ ဝန်ထမ်းများ ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများမှဝန်ထမ်းများ၊ သယ်ယူ ပို့ဆောင်ရေးနှင့် နိုင်ငံတကာ ဝင်/ထွက် ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် စားသောက်ကုန်ပစ္စည်း ရောင်းချသူများ/ လက်ဘက်ရည်ဆိုင်/ စားသောက်ဆိုင်မှ ဝန်ထမ်းများ ရွှေ့ပြောင်း လူအုပ်စုများနှင့် မှီခိုသူ မသန်စွမ်းသူများ နာတာရှည် ရောဂါရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးရာ အောက်တိုဘာ ၁၃ရက်မှ အောက်တိုဘာ၂၁ ရက်နေ့အထိ လူဦး ရေစုစုပေါင်း (၁၆၅၁၅)ဦး တို့ကိုထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)