သုံးခွမြို့နယ်သို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ စသည့် စားသောက် ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် ဈေးကားများဖြင့် လာ‌ရောက်လှည့်လည်ရောင်းချ

သုံးခွ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍  ပြည်သူများအား ကိုဗစ်ကာလအတွင်း စား၀တ်နေရေးအစဉ်ပြေစေရန် ဆန်၊ ဆီ၊ စသည့်စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယနေ့နံနက် ၈ နာရီခွဲ အချိန်က သုံးခွ မြို့မဈေးအနောက်ဘက်၌ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ရောင်းချရာတွင်၊ ဆီငါးဆယ်သားတစ်ဗူးလျှင် (၁,၈၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊   ပေါ်ဆန်းမွှေးဆန်တစ်ပြည်လျှင် (၁,၇၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ရိုးရိုးဆန်တစ်ပြည်လျှင် (၁,၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း ရွှေလျားမော်တော်ယာဉ်နှစ်စီးဖြင့် လာရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦး ခိုင်ကြည်သာလှနှင့် စည်ပင်ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ် ပြန်/ဆက်