နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ်၊ ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ

နွားထိုးကြီး အောက်တိုဘာ ၂၈

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈) နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူငါးဦး 5Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ်အထက် ပြည်သူ (၂၃၀) ဦး စုစုပေါင်း (၂၇၈၆) ဦးအား အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့် ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                  

ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း သတ်မှတ်ဦးစားပေးအုပ်စု အလိုက် ဆက်လက်၍ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်