ထီးချိုင့်မြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေး

ထီးချိုင့်  အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို လျော့ချနိုင်ရေးအတွက် အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား  ယနေ့နံနက် ()နာရီအချိန် က အခြေခံပညာအထက်တန်းကျောင်း အတွင်းရှိ သခင်မြမောင်ခန်းမတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်ကြီး ဇော်မျိုးရီ၊ ရဲမှူး ပြေဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းသိန်းနှင့် ဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးရန်နေရာအား စီစဉ်သတ်မှတ်ခြင်း၊ ဆေးထိုးရန်ရောက်ရှိလာသည့် အုပ်ထိန်းသူနှင့် ကျောင်းသား/သူများအား ဆေးမထိုးမီစာရင်းရေးသွင်းရန် သက်ဆိုင်ရာကျောင်းအလိုက်၊ အတန်းလိုက်ကောင်တာများခွဲထား၍ နေရာသတ်မှတ်ခြင်း၊ ဆေးထိုးနှံလိုကြောင်း မိဘအုပ်ထိန်းသူများ၏ ဝန်ခံကတိလက်မှတ်ရေး ထိုးခြင်း၊ ဆေးထိုးနှံမည့် ကျောင်းသား/သူများ ဆေးထိုးနှံမည့်နေရာသို့ စနစ်တကျ ပို့ဆောင်ခြင်းတို့ကို ပူးပေါင်းကူညီဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ပါသည်။

ပထမအကြိမ်ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး()လုံးကို လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၂၄၄)ဦးကို ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရဲလင်းထွန်း