လားရှိုး အောက်တိုဘာ ၂၈
လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ(၈)ရှိ ပြည်ထောင်စုလမ်းမကြီးနှင့် မန္တလေးလမ်း ဆက်သွယ် ထားသော ရပ်ကွက်ခြင်းဆက်လမ်းပိုင်း အား ယနေ့တွင် ကိုယ်ထူကိုယ်ထ ကတ္တရာလမ်း ခင်းပြီးကြောင်း သိရသည်။
မြို့အဝင် တပ်ဦးကျောင်းအနီးဖြစ်သော အဆိုပါရပ်ကွက်ခြင်းဆက် လမ်းပိုင်းအား (၂၀၁၈) ခုနှစ်ဇွန်လမှစ၍ အကျယ်(၃၀)ပေ၊ အရှည်(၁၈၃၂) ပေအား လမ်းအူကြောင်းဖေါ်ခြင်း၊ မြေပြုပြင်ခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများကို ရပ်ကွက်နေပြည်သူလူထုက ကိုယ်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လမ်းဖြစ်မြောက်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ပြည်နယ် အရန် ကတ္တရာမှ (၁၄.၅၇) တန် ထောက်ပံ့ပေးခဲ့ပြီး လားရှိုးမြို့နယ် စည်ပင်သာယာရေး ဌာနက နည်းပညာနှင့် စက်ယန္တရားများ ကူညီဆောင်ရွက်ပေးပြီး လမ်းကော်မတီ၊ ပြည်သူ လူထု၏ ထည့်ဝင်ငွေတို့ဖြင့် အရှည်(၁၈၃၂)ပေ၊ အကျယ်(၁၈)ပေ၊ အမြင့်(၉)လက်မရှိ ကတ္တရာလမ်း ခင်းခြင်းကို လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနနှင့် ရပ်ကွက်နေပြည်သူလူထုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကာ ယခုအချိန်တွင် အဆိုပါလမ်းပိုင်းအား ကောင်းမွန်စွာ သွားလာနေပြီဖြစ်ကြောင်း သိရသည်။
ဟန်ဌေး