မက်မန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (mask) များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးနှိုးဆော်

မက်မန်း အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းမြိုတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မက်မန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များပူးပေါင်း၍ မြို့‌ပေါ်ရပ်ကွက်များနှင့် လူသွားလူလာများသည့် နေရာများတွင် ယမန်​ နေ့ညနေ ၄ နာရီအချိန်က အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) ဖြန့်ဝေမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လိုက်နာရမည့်နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန် အချက်များ၊ ကျန်းမာ‌ရေးဆိုင်ရာ အသိပညာပေးများနှင့် မိဘပြည်သူများအားလုံး ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် (Hand speaker) ဖြင့် အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို မက်မန်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကွန်ဟောင်းကျေးရွာများသို့ သွားရောက်ပြီး အသိပညာ​​ပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်၊ပြန်/ဆက်