တောင်ကြီး ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ယမန်နေ့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၈)ဦး တွေ့ရှိသဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ ဆေးကုသဆောင်သို့ ပို့ဆောင်ကာ Hospital Quarantine ထားရှိ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့တွင် တာဝန်ဖြင့် ရောက်ရှိလာသူများ ဖြစ်ကြောင်း၊ ဖော်ပြပါပုဂ္ဂိုလ်(၅)ဦးအား တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့က Rapid Test Kit ဖြင့် ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာတွင် (၃)ဦးသည် Positive ဆေးစစ်ချက်ထွက်ရှိပြီး (၂)ဦးမှာ Negative ထွက်ရှိခဲ့ကြောင်း၊ Positive အတည်ပြုလူနာ (၃)ဦးနှင့် ထိတွေ့ဆက်စပ်သူများအား Rapid Test Kit ဖြင့် ရောဂါပိုးရှိ ၊ မရှိ ထပ်မံစစ်ဆေးရာ တွင် (၅)ဦးသည် ဆေးစစ်ချက်အဖြေ Positive ထွက်ရှိခဲ့သဖြင့် Positive အတည်ပြု လူနာစုစုပေါင်း(၈)ဦးအား ဇွန်လ (၂၃)ရက်နေ့ ညနေပိုင်းတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ ဆေးကုသဆောင်သို့ ပို့ဆောင်ကာ Hospital Quarantine ထားရှိ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း၊ နောက်ဆက်တွဲ Positive အတည်ပြုလူနာ(၅)ဦးနှင့် ထိတွေ့ဆက်စပ်သူ (၁၆)ဦးအား ယင်းတို့၏ နေအိမ်များတွင် Home Quarantine အဖြစ် အသွားအလာကန့်သတ်ထားရှိပြီးဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့ထံမှ သိရှိရသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ Negative ထွက်ရှိသူ(၂)ဦးနှင့် Positive အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် ကျန်ရှိသူများအား Quarantine ထားရှိကာ အသွားအလာကန့်သတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်