မိုင်းပျဉ်းမြို့တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းပျဉ်း  ဇွန် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူး ယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပိန်းဆန်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် အနာဂါတ်ပန်းပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ကမ္ဘာ့ရန်သူဘိမ်းဖြူကဗျာနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ဖော်ကျူးထားသည့် ကာတွန်းများ ပါဝင်ကြောင်းသိရသည်။

ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ၂၀၂၁-ခုနှစ်၊ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)