ရန်ကုန် ဇွန် ၂၄
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ခရိုင်နှင့် မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီ အချိန် အတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ဖြစ်သော ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ကမာရွတ်၊ မရမ်းကုန်း၊ အလုံ၊ ဒဂုံ၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ သန်လျင်၊ ကျောက်တန်း၊ လှည်းကူး၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့် အစရှိသည့် မြို့နယ် (၁၉) မြို့နယ် အတွင်းရှိ ရပ်ကွက်အချို့တွင် လျှပ်စစ်ဓာတ်အားလိုင်း ယာယီပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
စန္ဒာမိုး