ပေါက်တောမြို့၌ စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ကျင်းပ

ပေါက်တော ဇွန်  ၂၄

                   

 

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူများ၏ အကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာ ပေး(Talk Show)ကို ယမန်နေ့ နံနက်((၁၀:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (မြို့နယ်ရုံး)လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ပြုလုပ်ခဲ့သည်။

 

 

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ၊မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က(TalkShow)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံး သူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမောင်ကျော်မြင့်က စားသုံးသူများနှင့်ပတ်သက်သည့် အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှု များကြောင့် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့် ၊ကြားနာပိုင်ခွင့်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များ ၊မြို့နယ်အနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် အစိုးရဌာနများ အပြင်အသင်းအဖွဲ့များနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်း ပြောကြားသွာကြောင်းသိရှိရသည်။  

 

ကျော်သန်း