ပလောက် ဇွန် ၂၄ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲက ပလောက်မြို့ လူစည်ကားရာနေရာ ဖြစ်သော ပလောက်မြို့စည်ပင်သာယာဈေးအတွင်းနှင့် ထားဝယ်-မြိတ် ကားလမ်းမပေါ် တွင်ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ၀န်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ၊ နယ်မြေရဲစခန်း၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများကို ကိုဗစ်−၁၉ ရောဂါပိုးများ မိမိတို့မြို့အတွင်း ၀င်ရောက်၍ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြည်သူများအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်ရန် အသိပညာပေးခြင်းအပြင် နှာခေါင်းစည်း Mask အခု (၅၀၀) ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်