လှိုင် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် (Youth Club) အဖွဲ့ဝင်များဖြင့် စာပေဖတ်ရှုမှု မြင့်မားပြီး ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လှိုင်မြို့နယ် ဦးစီးမှူး ဒေါ်မေသန္တာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ ဦးအောင်သန်းထွန်း၏ “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” စာအုပ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြသည်။ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးတက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်သော ဆောင်ရန်ရှောင်ရန်များ၊ လူမှုပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသော မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသူများက “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး” စာအုပ်ပါအချက်များအား မိမိတို့၏ အတွေးအမြင်ဗဟုသုတများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သန္တာမေ