ပုလဲ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးလှထွဋ်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကိုကိုဦး၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ (၁) ဦးလင်းလင်းထွန်းကျော်တို့နှင့်အတူ ဇွန်၂၃ရက်၊မွန်းလွဲ၂နာရီတွင် ရွှေနန်းထက်ဝင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မုံရွာ-ပုလဲ-ဂန့်ဂေါ ကားလမ်းပိုင်း ကတ္တရာလမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း အရည်အသွေး ပြည့်မီစေရေးအတွက် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် လမ်းဦးစီးဌာနအငယ်တန်း အင်ဂျင်နီယာ(၁) ဦးလင်းလင်းထွန်းကျော်က “၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ရွှေနန်းထက်ဝင်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မုံရွာ- ပုလဲ - ဂန့်ဂေါ ကားလမ်းပိုင်း ကတ္တရာလမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းအရည်အသွေးပြည့်မီမှုရှိရေး၊သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီမှုရှိရေးတို့ကို အလေးထားဆောင်ရွက်ပေးရန် ကုမ္ပဏီမှတာဝန်ရှိသူများအား မှာကြားခဲ့ပါတယ် ” ဟု ပြောကြားခဲ့ သည်။
အဆိုပါ မုံရွာ - ပုလဲ - ဂန့်ဂေါ ကားလမ်းမိုင်တိုင် ၃၃/ ၄နှင့် ၃၄/၇အကြားရှိ လမ်းပိုင်း ၅ဖာလုံအား မူလလမ်း အကျယ် ၁၂ ပေမှ ၁၈ ပေ အကျယ် ကတ္တရာလမ်း တိုးချဲ့ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၇၆ ဒသမ ၄သန်းဖြင့် ရွှေနန်းထက်ဝင်းကုမ္ပဏီက တာဝန်ယူ ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)