မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

 

 

 

အထက်မင်းလှ    ဇွန်   ၂၄

 

 

မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင် ၊မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇွန်လ(၂၄)ရက်နေ့ နံနက် ၈ နာရီက မင်းလှမြို့၊ ရုံးရပ်‌တောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အား၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်‌ဝေပေးခဲ့သည်။

       

 

 

 

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော ၂၀၂၁ ခုနှစ် သတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မူးယစ် ဆေးစွဲသူဖေးမကူ၊ လူငယ်များ အနေဖြင့် မူးယစ်ဆေးဝါးများနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို စမ်းသပ်သုံးစွဲခြင်း၊ စွဲလမ်းစွာသုံးစွဲခြင်းများ မပြုကြရန်နှင့် ဆေးစွဲဝေဒနာ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ဆောလျင်စွာ ပြသ၍ ဆေးကုသမှုခံယူကြရန် လိုအပ်ချက်များပါဝင်သည်။

         

 

 

ထို့အပြင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့မှ ထုတ်ဝေသော ဆေးသုံးစွဲသူများ၏ဘဝကို ပြန်လည်ထူထောင်ပေးရေး စီမံချက်များချမှတ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေး၍ ပညာပေးခြင်း၊ ကောင်းမွန် သော လူနေမှုဘဝကို ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ပေးခြင်း၊ သင့်လျော်သောကူညီထောက်ပံ့မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ များ သင်ကြား ပေးခြင်းတို့နှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းယှက်နှင့် အနာဂတ်ပန်း များပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ စသည့်ဆောင်ပုဒ်များပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး၊ မူးယစ်‌ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် မြို့နယ်ဦးစီးမှူးက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေး ဟောပြောခဲ့ကြောင်း သိရသည်။

 

 

 

ဇာဇာ(အထက်မင်းလှ)