ညောင်ဦး ဇွန် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် မဏိစည်ဈေးနှင့် ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီး ဦးကျော်မင်းဦးထံကသိရသည်။
၂၀၂၁ ခုနှစ်၊ဇွန်၂၆ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို စာသင်ကျောင်းများ၊ ဈေးများ၊ ကားဂိတ်များတွင် အမြို့မြို့အ နယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ ခရိုင်ရုံး၊မြို့ နယ်ရုံး၊ မြို့ရုံးများမှ ပညာပေးရေးအနေဖြင့် ဖြန့်ဝေပေးလျှက်ရှိရာ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအလွဲသုံးမှုမဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးများ၏ အကျိူးအပြစ်၊စသည်တို့ ရှောင်းရှားနိုင်စေရေး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစာင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြသနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြင်ဖွယ်အချက်များ၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူဘိန်း ဖြူ(ကဗျာ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးကာတွန်းများပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်ဖြစ်ကြောင်း လည်း သိရသည်။
ကိုထိန်၊KPD