သဲကုန်းမြို့၌ လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

သဲကုန်း  ဇွန်  ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေပိုင်းက လုံခြုံရေးနှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်အထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးယဉ်ထွေးမှ" ယခုအခါ အချို့မြို့နယ်များ တွင် အဖျက်အမှောက်လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ကြားသိနေရသည့်အတွက် မိမိမြို့နယ် လုံခြုံရေးအတွက် အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဟာ ပတ်ဝန်းကျင်မြို့များတွင်ဖြစ်ပွားနေသည့်အတွက် ကာကွယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်စေလိုကြောင်း" မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်းမှ "ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးနှင့် ဝန်ထမ်းများအန္တရာယ်ကင်းရှင်းစေရေးအတွက် အထူးဂရုစိုက်ရန် လိုအပ်ကြောင်း၊ မိမိတို့ဘက်မှလည်း မြို့နယ်လုံခြုံရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်လျှက်ရှိကြောင်း" စသည်ဖြင့် ပြောကြားသွားသည်။

ထို့နောက် တက်ရောက်လာသူများမှ လုံခြုံရေးကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူအသီးသီးမှ ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နိုင်လင်း