ဝန်းသိုမြို့၌ Mask Campaign နှင့် မူးယစ်ဆေးဝါးအန္တရာယ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Jun 25,2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာစေရေး Mask Campaign ပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ် ငန်းကို ယနေ့ နံနက် ၇ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။