ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

မကွေး ဇွန် ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးဝန်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်း ဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဉတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပွဲတော်ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပျိုးပင်များကို ဝန်ထမ်းများထံ ပေးအပ်ကာ သတ်မှတ်နေရာ များတွင် အသီးသီး စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် အရိပ်ရ နှစ်ရှည်ပင်များဖြစ်သည့် ဗန်ဒါပင်၊ မြန်မာကုက္ကိုလ်ပင်၊ ဇီးဖြူပင်၊ မဲဇလီပင်၊ တမာပင်၊ ဝါးပင်များ စုစုပေါင်း ပျိုးပင် (၁၅၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကိုအောင်