ပင်းတယမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 25,2021
လေထုသန့်စင်ရန်နှင့် ရာသီဥတုမျှတစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့နိုင်စေရန် ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု လူထုပူးပေါင်းပါဝင်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ထယ်သွန်းကျေးရွာအုပ်စု ဘုရားနီကျေးရွာ မူလတန်းကျောင်း အနီး၌ ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။