လဲချား ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နေပြည်သူများ ကိုဗစ် -၁၉ ရောဂါကူး စက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီ က မြို့မစျေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
လဲချားမြို့နေပြည်သူများ ကိုဗစ် -၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန်၊ မဖြစ်မနေ အိမ်အပြင်ထွက်ပါက( Mask )ကို စနစ်တကျတပ်ဆင် သွားလာကြရန် ယခုကဲ့သို့ Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ၊မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင် သာယာရေးဦးစီးဌာန၊မြို့နယ် အား/ကာဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ လူစည်ကားရာ မြို့မစျေး၊ပျံကျစျေး၊ကားဂိတ်၊စျေးရောင်း/စျေးဝယ် များအား Mask ( ၇၀၀)ခုနှင့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ် အား/ကာ အဖွဲ့ဝင်ကျောင်းသူလေးများမှ ကိုဗစ် -၁၉ရောဂါ ကြိုတင်ကာကွယ်ရေး တေးသီချင်းဖြင့်သရုပ်ပြ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်